ကျွန်တော်တို့တွေ သေအောင်စဉ်းစား၊ သေအောင်တွေးခေါ်ပြီးရလာတဲ့ code တွေရဲ့အလုပ်လုပ်ပုံတွေက excel မှာအဆင့်အသင့်ရှိနေတတ်ပါတယ်။ ထို့အတူ excel မှာရှိတဲ့ အိုင်ဒီယာများကို webpage programming မှာ လာပြီးရေးလေ့ရှိပါတယ်။ တစ်ချို့စာရင်းဇယားများကို ခေါင်းခြောက်မခံ ချင်သူများအတွက် excelisfun ရှယ်ပေးထားတဲ့ လင့်ကို ရှယ်ပေးလိုက်ပါတယ်။
excel လည်းကျွမ်းအောင်လုပ်ထားသင့်ပါတယ်။
http://www.youtube.com/user/ExcelIsFun?feature=watch
credit : excelisfun
Showing posts with label နည်းပညာ. Show all posts

Saturday, April 13, 2013
Monday, February 11, 2013
facebook မှာ ကိုယ် စကားမပြောချင်တဲ့သူကို chat off လုပ်ထားမယ်/report တင်နည်း
အားလုံးလဲသိထားကြပြီဖြစ်မယ်ထင်ပါတယ်။ မသိသေးသူအတွက်ပါ။
facebook မှာကိုယ်စကားမပြောချင်တဲ့သူရှိရင် chat box ရဲ.ဘေးက setting ကိုနှိပ်ပြီး Turn off chat for ....... ကိုနှိပ်လိုက်ပါ။
အဲဒါဆို သူဆီမှာ chat off ဖြစ်သွားပါပြီ အောက်ကပုံအတိုင်းလုပ်ကြည့်ပါ။
facebook chat မှာရှိတဲ့လူအားလုံးနဲ့မပြောချင်ရင် အောက်မှာ ပြထားတဲ့အတိုင်း setting ထဲမှာပြောင်းပါ။
ပြန်ပြီးစကားပြောချင်ရင် Turn on
ပြန်ပြောင်းပါ။
facebook မှာ report တင်နည်း
report လုပ်တယ်ဆိုတာ ကိုယ်မကျေနပ်တဲ့ page/post ၊ ကိုယ်မကြိုက်တဲ့ page/post ကို report တင်ဝိုင်းပြီး ဖျက်ခိုင်းတာပါ။
လူအများက လက်မခံတာများလာရင် facebook ဘက် ကဖျက်သိမ်းပေးရပါတယ်။
ပထမဦးဆုံး -
page တခုရဲ့ ညာဘက်ထောင့်က message ဆိုတဲ့ နားမှာ down arrow လေးကိုနှိပ်ပြီး report page ကိုနှိပ်ပြီး
report တင်တာပါ။
နောက် အောက်မှာပြထားတဲ့ဟာတွေကို select လုပ်ရပါမယ်။
I just don't like it (ဒီ page ကို ငါမကြိုက်ပါ )
It's harassing me or someone I know (၄င်းဟာ ငါနဲ.တစုံတယောက်ကို တိုက်ခိုက်မှုပြုလုပ်နေတယ်လို.ငါထင်ပါတယ် )
I think it shouldn't be on Facebook (၄င်းဟာ ဖေ့ဘုတ် ပေါ်မှာမရှိသင့်ဘူးလို.ငါထင်ပါတယ် )
It's spam or a scam (ဒီဟာက အကျိုးမရှိတဲ့ Spam တစ်ခုဖြစ်တယ်)
I want to report a post, not the entire Page (ဒီpage သည်ပြည့်စုံတဲ့ pageမဟုတ်ပါ။ထို့ကြောင့် ငါ report တင်ချင်တာပါ)
It's duplicated or miscategorized (၄င်းသည် မိတ္တူကူးထားသော(သို.)အမျိုးမျိုးသောအကြောင်းကြောင့်ပါ)
ရွေးချယ်ပြီးရင် continue ကိုနှိပ်လိုက်ပါ။ Thank you လို.ပေါ်လာရင် report တင်တာပြီးဆုံးသွားပါပြီ။
သတိ - မသိသေးသောသူများအတွက်သာ
thank you for reading ^_^ :D /-/t3t

Friday, February 1, 2013
gmail inbox မှာ မြန်မာစာက ဖတ်မရဘူးဖြစ်နေတယ်
ကိုကျော်စိုးလှိုင် :=> စာပြန်ရင် chat box ကနေပဲ ပို့ပေးပါ လောလောဆည် gmail inbox မှာ မြန်မာစာက ဖတ်မရဘူးဖြစ်နေတယ် ဘော်ဒိုဇာအားလုံးပဲ ဘာလိုနေလည်းမသိဘူး
အစ်ကိုရေ gmail inbox မှာ မြန်မာစာဖတ်လို့မရတာဘူးဆိုတော့ broswer မှာမြန်မာfont ကို မပြောင်းထားလို့ပါအစ်ကို ညီကတော့ Mozilla broswer ကို ကြိုက်တာဆိုတော့ Mozilla နဲ့ပဲပြောပြပါမယ်။
အရင်ဆုံး Alt ကိုနိုပ်လိုက်ပါ။ menu bar တွေကိုတွေ့မှာပါ။ တွေ့ပြီဆိုလျှင် Tools -> Options -> Content အဆင့်ဆင့်
ဝင်ပြီးလျှင် ပုံမှာပြထားတဲ့အတိုင်း Zawgyi-One ဖြစ်အောင် down arrow လေးနိုပ်ပြီး ရွေးလိုက်ပါ။ ပြီးလျှင် ok ပေါ့။
Zawgyi-One မရှိခဲ့လျှင် http://code.google.com/p/zawgyi/wiki/MyanmarFontDownload ဒီမှာရှာလိုက်ပါ။
အစ်ကိုရေ gmail inbox မှာ မြန်မာစာဖတ်လို့မရတာဘူးဆိုတော့ broswer မှာမြန်မာfont ကို မပြောင်းထားလို့ပါအစ်ကို ညီကတော့ Mozilla broswer ကို ကြိုက်တာဆိုတော့ Mozilla နဲ့ပဲပြောပြပါမယ်။အရင်ဆုံး Alt ကိုနိုပ်လိုက်ပါ။ menu bar တွေကိုတွေ့မှာပါ။ တွေ့ပြီဆိုလျှင် Tools -> Options -> Content အဆင့်ဆင့်
ဝင်ပြီးလျှင် ပုံမှာပြထားတဲ့အတိုင်း Zawgyi-One ဖြစ်အောင် down arrow လေးနိုပ်ပြီး ရွေးလိုက်ပါ။ ပြီးလျှင် ok ပေါ့။
Zawgyi-One မရှိခဲ့လျှင် http://code.google.com/p/zawgyi/wiki/MyanmarFontDownload ဒီမှာရှာလိုက်ပါ။
Saturday, December 15, 2012
How to use Hibernate function
Hibernate function လေးကတော့ ကွန်ပျူတာတွေရဲ့ function တွေကို restore လုပ်ပေးထားပါ။ ကျွန်တော်တို့တွေ program ကိုမပိတ်ချင်တဲ့အခါမျိုးမှာသုံးပါတယ်။ သူသဘောက ကွန်ပျူတာတော့ပိတ်သွားမယ် program တော့မပိတ်နဲ့ဆိုတဲ့သဘောပါ။ ကျွန်တော်နောက်ဆုံးတွေ့ရှိချက်က ၂ရက် ၊ ၃ရက်လောက် ဒေါင်းရ
တဲ့ဆော့ဝဲလ်တွေကို ဒီfunction နဲ့ ဒေါင်းလျှင် ရနိုင်ပါသည်။ ဥပမာ Ubuntu လိုမျိုး version ခဏဏထွက်တိုင်း အခွေဝယ်ရမယ်ဆိုလျှင် ကျွန်တော်တို့အတွက်တွက်ချေမကိုက်ပါဘူး။ သုံးကြည့်ပါ။ window7 မှာ built in ပါပြီးသားပါ။

Tuesday, November 20, 2012
ကိုစန်းပွင့်သူ dorks
Google တွင် လိုကြီးပဲဖတ်နေရတာစိတ်ကုန်နေတဲ့ သူငယ်ချင်းများအတွက်
ကိုစန်းပွင့်သူ dorks နဲ့ မိတ်ဆက်ပေးပါမယ်။
ပထမဦးစွာ www.google.com တွင်ရှိသော search box ကို သွားလိုက်ပါ။
ကိုစန်းပွင့်သူ ဒီနံမည်ပြောင်လေးကို google search box တွင်ရိုက်ထည့်လိုက်ပါ။
ဒီနံမည်ပြောင်ရဲ့ data တွေကျလာပါလိမ့်မည်။ ထိုနောက်
သူရဲ့ နည်းပညာတွေကိုကြည့်ချင်တယ်ဆိုလျှင် အောက်က formula ကိုရိုက်ထည့်ပေးပါ။
ကိုစန်ပွင့်သူ လိုချင်သည့်အရာ
Example
ကိုစန်းပွင့်သူ networking
ကိုစန်းပွင့်သူ web
ကိုစန်းပွင့်သူ programming
ကိုစန်းပွင့်သူ software
eg url https://www.google.com/search?q=%E1%80%80%E1%80%AF%E1%80%AD%E1%80%85%E1%80%94%E1%80%B9%E1%80%B8%E1%80%95%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%9E%E1%80%B0+programming&ie=utf-8&oe=utf-8&aq=t&rls=org.mozilla:en-US:official&client=firefox-a
တစ်ချို့မရတဲ့လင့်တွေဆိုလျှင်လဲ url ပြောင်းပြီး ကြည့်နိုင်ပါတယ်။
အသေးစိတ်ကို ဒီမှာဖတ်ကြည့်ပါ။
http://adf.ly/F9Dwn
Credit all mm developer

Tuesday, November 13, 2012
Windows 8 မှာ Windows 7 လို Start Menu ပေါ်ချင်သူများအတွက်ပါ
ခက်တော့ မခက်ဘူး အလွယ်လေးပါ။ သိပြီးသားတွေလဲ ရှိမှာပါ။
1. Windows Key + R => regedit
2. HKEY_CURRENT_USER \ Software \ Microsoft \ Windows \ CurrentVersion \ Explorer.
3. RPEnabled in the right pane clicking double and Value Data 1 rewrite 0.
4. windows is restart.
ရလောက်ပြီထင်တယ်
Monday, November 12, 2012
ကွန်ပျူတာသုံး မြန်မာစာနဲ့ Developer
ကွန်ပျူတာသုံး မြန်မာစာနဲ့ Developer
အခု ကျွန်တော်တို့ ကွန်ပျူတာသုံး မြန်မာစာ စနစ်မှာ သိမ်ဆည်းပုံ မတူညီတဲ့ ပြသနာတွေ ဖြစ်နေပါတယ်။ တစ်ယောက်လာတစ်မျိုး ဖြစ်ချင်တိုင်းကို ဖြစ်နေတယ်လို့ ပြောရင် မမှားပါဘူး။ end-user အနေနဲ့ ရွေးချယ်စရာကလဲ နည်းပါးရတဲ့ ကြားတဲ့ သူမှန်တယ် ထင်တာကို ကိုယ်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက် လုပ်ချင်ရာ လုပ်နေကြတယ်လို့ ကျွန်တော်ကတော့ ဆိုချင်ပါတယ်။ အခုဖြစ်နေတာက Developer ပြသနာပါ။ ကွန်ပျူတာသုံး မြန်မာစာစနစ်မှာ အခြား ဘာသာစကားတွေလို သိမ်းဆည်းပုံ တစ်ခုတည်း ဖြစ်ရမယ်ဆိုတာ အားလုံး လက်ခံပြီး ဖြစ်ပါလိမ့်မယ်။ အဲဒီလို သိမ်းဆည်းပုံ မှန်ကန်မှသာ နောင် တစ်ချိန် အလုပ်ဖြစ်မယ်ဆိုတာ အားလုံး လက်ခံထားပြီး ဖြစ်ပါတယ်။ အဲဒီလို လက်ခံထားရဲ့သားနဲ့ အခုထက်ထိ အဆင်မပြေသေးတာ ကျွန်တော် အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကွန်ပျူတာသုံး မြန်မာစာ ဦးဆောင်တီထွင်သူ ပညာရှင်များရဲ့ အတ္တကြီးမှု၊ တစ်ကိုယ်ကောင်း ဆန်မှု၊ အမျိုးသားရေး အမြင်မရှိမှု၊ တစ်စားပွဲတည်းထိုင်ပြီး မဆွေးနွေးပဲ ကွယ်ရာမှာ အထူးသဖြင့် end-user များ ရှေ့မှောက်မှာ ချပြဆွေးနွေးပြီး ငါ့ဟာ အမှန်၊ ငါနဲ့ ငါသာ နှိုင်းစရာ လုပ်မှု စတဲ့ ဆိုးရွားတဲ့ လုပ်ဆောင်ချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီလို ဆိုးရွားတဲ့ လုပ်ဆောင်ချက်တွေကြောင့် ကျွန်တော်တို့ Developer များအနေနဲ့ အခက်အခဲတွေ ကြုံတွေ့လာကြပြီး မကြာသေးခင်က လွင့်တင်လိုက်တဲ့ သမ္မတရုံး Website မှာဆိုရင် ဘာသာစကား တစ်မျိုးတည်းကို သိမ်းဆည်းပုံ မတူညီတဲ့အတွက် website နှစ်ခု လုပ်ရတဲ့ အဆင့်ကို ရောက်သွားပါတော့တယ်။ ဒီလို ကိစ္စမျိုးဆိုတာ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အမည်ပေးစနစ်မှာလဲ
နှစ်ခုဖြစ်တဲ့အတွက် အချက်အလက် မှတ်သား သိမ်းဆည်းရာမှာလဲ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာမှာ ဖြစ်သလို Web Archive အတွက်လဲ သုံးလို့ ရမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ရှာဖွေရေးအင်ဂျင်၊ အချက်အလက်များ အပြန်အလှန် ချိတ်ဆက်ရေး စနစ်တွေအတွက်လဲ သုံးစားလို့ ရမှာ မဟုတ်တော့ပါဘူး။ ကွန်ပျူတာသုံး မြန်မာ စနစ်ကို အကဲဖြတ်ရာမှာ လူသုံးများတာနဲ့လဲ အကဲဖြစ်လို့ မရသလို လှလှပပ ရှိတာတွေနဲ့လဲ အကဲဖြတ်လို့ မရပါဘူး။ ကျွန်တော့် အမြင်အရ ကွန်ပျူတာသုံး မြန်မာစာ စနစ်ကို အကဲဖြတ်ရာမှာ အောက်ပါ အချက်တွေအတိုင်း အကဲဖြတ်သင့်တယ်လို့ ယူဆပါတယ်။
မြန်မာစာ စနစ်ဖြစ်တာနဲ့အညီ ဗမာစာသာမက၊ အခြားတိုင်းရင်းသား ဘာသာစကားများနှင့်ပါ ဘာသာစကား၏ မူလ အနှစ်သာရအတိုင်း ကိုက်ညီတဲ့ အနေအထားအဖြစ်
ကွန်ပျူတာ သုံးသည့် စနစ်ဖြစ်သည်နှင့်အညီ ကွန်ပျူတာမှာ မှတ်သား သိမ်းဆည်းမယ်ဆိုရင် စနစ်ကျစွာ သိမ်းဆည်းနိုင်တဲ့ အနေအထားအဖြစ်
ကွန်ပျူတာသုံး မြန်မာစာစနစ်ဆိုတာ အမှန်တကယ်တော့ နောက်ဆုံး သုံးမယ့်သူဟာ end-user သာဖြစ်ပါတယ်။ အဲဒီအတွက် end-user များအနေနဲ့ အခြား ဘာသာစကားတွေကို သိသလို Font ကို ရွေးတယ်ဆိုတာ ပုံစံအတွက်ဆိုတာလောက် သိတဲ့အထိ လွယ်ကူသွားအောင် လုပ်ပေးနိုင်တဲ့ အနေအထား
အခြား ပညာရှင်ရှုထောင့်ကနေ လိုအပ်တဲ့ အကဲဖြတ်ချက်တွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ ကျွန်တော် မြင်တာကတော့ အဲဒီလောက်ပါပဲ။
ကွန်ပျူတာသုံး မြန်မာစာနဲ့ သမိုင်းအကျဉ်း
ကွန်ပျူတာသုံးမြန်မာစာရဲ့ သမိုင်းအကျဉ်းကို ပြောရမယ်ဆိုရင် ANSI Font တွေက ပြောရမယ် ထင်ပါတယ်။ ANSI စနစ်ဆိုတာ အင်္ဂလိပ်စာလုံးတွေ အတွက်သာ သတ်မှတ်ထားတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီလို သတ်မှတ်တယ်ဆိုတာကလဲ စားပွဲတင် ကွန်ပျူတာ ပေါ်ဦးစလဲဖြစ် အင်္ဂလိပ်စာကိုသာ အဓိကထား သုံးနေကြတဲ့ အချိန်လဲ ဖြစ်တာနဲ့အညီ အဂီလိပ်စာကို အခြေခံပြီး သုံးစွဲကြတဲ့ အနေအထားဖြစ်ပါတယ်။ အမေရိကန် စနစ်အဖြစ် ထွက်လာတာဆိုတော့ အမေရိကန်အတွက်ပဲ ကောင်းကောင်းပါတဲ့ သဘောပါ။ အဲဒီလိုအခြေအနေမှာ မြန်မာစာကို သုံးချင်တယ်ဆိုရင် ANSI ရဲ့ code point တွေ အပေါ်မှာ အစားထိုးပြီး သုံးရုံမှတစ်ပါး အခြားမရှိလို့ ဆိုနိုင်ပါတယ်။ a ရဲ့ နေရာမှာ သဝေထိုးကို ထားတာမျိုးပေါ့။ အဲဒီလို အစားထိုးတဲ့ နည်းနဲ့ မြန်မာစာဖောင့်ကို ထွင်ခဲ့ကြပါတယ်။ ပထမဦးဆုံး တီထွင်တာက Apple ရဲ့ Macintosh ကွန်ပျူတာမှာ ဖြစ်တယ်လို့ မှတ်သာဖူးပါတယ်။ နောက်ပိုင်း လူသုံးများလာတဲ့ အနေအထားကတော့ ကိုဇော်ထွဋ်တီထွင်လိုက်တဲ့ Win Font အုပ်စုတွေ ဖြစ်ပါတယ်။ အဲဒီလို ANSI Code တွေမှာ အစားထိုးတဲ့ စနစ်နဲ့အတူ မြန်မာစာစနစ်အတွက် အပျက်အစီးတွေ ပါလာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အဲဒီအချိန်က ဖြစ်နိုင်တဲ့ အနေအထားအရ မဖြစ်ဖြစ်အောင် လုပ်ရတဲ့ အနေအထားအရ ပါလာတာတွေ ဖြစ်ပါတယ်။ တမင်မှားပစ်ခဲ့တာ မဟုတ်ပါဘူး။ ဥပမာ – ရရစ်ဆိုတာ မြန်မာစာ စနစ်မှာ တစ်ခုတည်း ရှိပေမယ့် ရိုက်တဲ့အခါမှာ အဆင်ပြေအောင် ပုံစံမျိုးစုံထားရတာ အဲဒီ ပုံစံမျိုးစုံအတွက် code point တွေ နေရာယူထားရတာတွေ ရှိလာပါတယ်။ အဲဒီလိုပဲ အချက်အလက် မှတ်သားသိမ်းဆည်းတဲ့ နေရာမှာလဲ အရင်လာ အရင်သိမ်းစနစ်ကိုသာ အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ unicode ဆိုတာပေါ်လာပြီး ANSI ဆိုတဲ့ စနစ်ကို သုံးစရာမလိုတော့ပါဘူး။ တကယ်တန်း Website တွေမှာ သုံးမယ်ဆိုရင် အင်္ဂလိပ်စာလုံးက သပ်သပ် မြန်မာစာလုံးက သပ်သပ် ဖြစ်မှသာ အဆင်ပြေမယ့် အနေအထား ဖြစ်ပါတယ်။ အဲဒီလို အနေအထားအတွက် ANSI က ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ unicode မှာသာ အခြား ဘာသာစကားအတွက် code point တွေ ပါလာတဲ့အတွက် unicode ကိုသာသုံးပြီး code point တွေ ယူရမယ့် အနေအထား ဖြစ်လာပါတယ်။ အဲဒီလို အခြေအနေမှာ မြစေတီ၊ ဇော်ဂျီ အစရှိတဲ့ ဖောင့်တွေ ပေါ်လာပြီး unicode ရဲ့ code point တွေကို အသုံးပြု ဖန်တီးထားကြပါတယ်။ ဒါပေမယ့် မြစေတီဖြစ်ဖြစ် ဇော်ဂျီဖြစ်ဖြစ် အရင် ရှိရင်းစွဲ Win-Font တွေရဲ့ အစဉ်အလာကို ဆက်ခံခဲ့ကြတဲ့အတွက် အရင်ရှိရင်းစွဲ ရရစ်လို အမှားတွေ အမွေဆက်ခံလာတယ်လို့ ဆိုနိုင်ပါတယ်။ အခုအချိန်မှာ ကြားနေရတဲ့ ယူနီကုဒ်နဲ့ ဇော်ဂျီပြသနာဆိုတာ တကယ်တော့ အလွန်လွဲမှားနေတဲ့ အယူအဆပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဇော်ဂျီကိုယ်တိုင် unicode အထိုင်ပေါ်မှာ ထိုင်ပြီး unicode ရဲ့ code point တွေကို သုံးထားပါရက်နဲ့ ဇော်ဂျီနဲ့ ယူနီကုဒ် ပြသနာဆိုတာ တကယ်တော့ end-user တွေကို လှည့်စားတဲ့ လှည့်စားချက်တစ်ခုမျှသာ ဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။ တကယ်တန်း ဖြစ်နေတာက နောက်ကွယ်မှာ မှတ်သား သိမ်းဆည်းတဲ့ ပုံစံ မတူညီတဲ့ ပြသနာဖြစ်ပါတယ်။ အဲဒါကို ရှေ့ဆက်ပြီး ရေးသွားရင် ထင်းရှားအောင် ပြောပြပေးပါ့မယ်။ နောက်ပိုင်းမှာ unicode စနစ်ဆိုတာ နိုင်ငံတကာမှာ ရှိနေတဲ့ ဘာသာစကား၊ သင်္ကေတ အားလုံးအတွက် ဖြစ်တာနဲ့အညီ မြန်မာစာအတွက်လဲ နေရာတွေရဖို့ဖြစ်လာပါတယ်။ အဲဒီလို မြန်မာစာအတွက် နေရာရဖို့ ပထမဦးဆုံး ဆောင်ရွက်သူကတော့ မြန်မာစာဖောင့်ကို အရင်ဆုံး ကွန်ပျူတာမှာ ရအောင် စွမ်းဆောင်ခဲ့တဲ့ Apple ပဲဖြစ်ပါတယ်။ Apple Macintosh မှာ မြန်မာစာ ရအောင် ဘယ်နိုင်ငံခြားသာ လုပ်ခဲ့တယ်ဆိုတာ မသိပေမယ့် unicode မှာ မြန်မာစာ ပါလာအောင် စွမ်းဆောင်ပေးသူကတော့ Apple ဖြစ်ပါတယ်။ (မှတ်မှတ်ရရ မြန်မာစာကို OS Level မှာ ပထမဦးဆုံး တရားဝင် ထည့်သွင်းပေးသူကလဲ Apple ပဲဖြစ်ပြီး Mac OSX Lion မှာ စပါလာပါတယ်) နောက်ပိုင်းမှာ မြန်မာစာ ဖြစ်တာနဲ့အညီ မြန်မာဖက်က ပညာရှင်တွေ ပါဝင်လာခဲ့ကြပြီး မှားယွင်းနေတာကို ထောက်ပြ အမှန်ပြင်ခိုင်း စသည်ဖြင့် အဆင့်ဆင့် လုပ်ဆောင်လာခဲ့ကြတာ အခုဆိုရင် အဆင့် ဘယ်နှစ်ဆင့်လောက် ရောက်သွားပြီဆိုတာ မသိတော့ပါဘူး။ အဲဒီလို code point တွေ unicode မှာ သတ်မှတ်တဲ့ အချိန်တွေဟာ အတော်လေးကို အချိန်ယူခဲ့ရပြီး သူ့ရှေ့မှာ သူသတ်မှတ်ပေးတဲ့ code point တွေ မဟုတ်ပဲ ကိုယ့်စိတ်ကြိုက် code point တွေ သုံးတဲ့ မြစေတီ၊ ဇော်ဂျီကဲ့သို့သော ဖောင့်တွေ အလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မြစေတီရော ဇော်ဂျီမှာပါ ကကြီးဆိုတဲ့ စာလုံးကို U1000 ဆိုတဲ့နေရာမှာ ထားခဲ့တဲ့အတွက် unicode code point တွေကို အသုံးပြုခဲ့တယ်လို့ ဆိုနိင်ပါတယ်။ အများစုကလဲ apple ရဲ့ unicode code point တောင်းဆိုမှုနောက်ပိုင်းမှာ ထွက်ပေါ်လာကြတယ်လို့ ကျွန်တော် ယူဆပါတယ်။ အဲဒီလို unicode ဆိုတဲ့ စံနှုန်း အပေါ်မှာ code point တွေ သတ်မှတ်ရင်း အရေးဆိုရင်း ကျန်တဲ့သူတွေကလဲ ကိုယ့်လှေကိုယ်ထိုးရင်း အခုလို ကွန်ပျူတာသုံး မြန်မာစာစနစ် ဖြစ်ချင်ရာ ဖြစ်တဲ့ အနေအထားကို တည့်တည့်ကြီး ဆိုက်ရောက်လာတယ်လို့ ဆိုနိုင်ပါတယ်။ unicode ဆိုတဲ့ စံနှုန်းဟာ ပြင်လို့ မရတဲ့ စံနှုန်းမဟုတ်ပါဘူး။ အကြောင်းပြချက် အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြင်မယ်ဆိုရင် ဗားရှင်းအသစ်ထွက်တဲ့အခါ အပြောင်းအလဲတွေ ပါလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ပြင်ကြဆင်ကြတဲ့ နေရာမှာ သဘောထား ကွဲလွဲမှုတွေ အများကြီး ဖြစ်နေတာ ကျွန်တော်တွေ့ရပါတယ်။ unicode နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဖက်က တာဝန်ရှိသူတွေ အပေါ်မှာ ပြောဆိုပြစ်တင်မှုတွေကိုလဲ ကျွန်တော်ကြားရသလို အခြား ကိုယ်မှန်တယ်ထင်ရာ လုပ်နေကြသူတွေ အပေါ်မှာလဲ ပြစ်တင် ပြောဆိုမှုတွေကို ကျွန်တော် ကြားနေရပါတယ်။ ဒါပေမယ့် ကျွန်တော် ကြားသမျှ အနေအထားအရ ကွယ်ရာမှာ အတင်းပြောသလို ပြောနေကြတာတွေပါ။ တစ်စားပွဲတည်းထိုင်ပြီး ပြောကြတာမျိုး မဟုတ်ပါဘူး။ Apple ရဲ့ Mac OSX Lion က စပြီး မြန်မာစာ ပါလာပါတယ်။ နောက်ပြီး Windows 8 မှာလဲ မြန်မာစာ ပါလာပြန်ပါတယ်။ အဲဒီမှာ ပါလာတဲ့ မြန်မာစာတွေ အားလုံးဟာ အမှားအယွင်းတွေလဲ ပါလာခဲ့ပြီး သုံးလို့ အဆင်မပြေပါဘူး။ ဒီထက် ရင့်ရင့်သီးသီး ပြောရရင်တော့ သုံးစားလို့ မရပါဘူး။ ဒါပေမယ့် Apple မှာ ဖြစ်ဖြစ် Windows မှာဖြစ်ဖြစ် အခြေခံတာတော့ International Standpoint ဖြစ်တဲ့ Unicode ပဲဖြစ်ပါတယ်။ အဲဒီလို သုံးစားမရတဲ့ အကြောင်းကတော့ တီထွင်ဖန်တီးတဲ့သူတွေက နိုင်ငံခြားသားတွေ ဖြစ်နေပြီး မြန်မာနိုင်ငံသား ပညာရှင်တွေ မဟုတ်လို့ပါ။ (ဒါပေမယ့် မြန်မာနိုင်ငံသား ပညာရှင်တွေသာ ပါလို့ကတော့ ရန်ဖြစ်နေတာနဲ့ အခုလောက်အဆင့်တောင် ပါဦးမယ် မထင်ပါဘူး) ကျွန်တော် ဆိုလိုချင်တာက International Standpoint ဖြစ်တဲ့ Unicode ဆိုတာကတော့ လူတိုင်း လက်ခံထားတဲ့ အနေအထားဖြစ်ပါတယ်။ ဒီနေရာမှာ မြစေတီ၊ ဇော်ဂျီ၊ Official Unicode၊ ဧရာ စတာတွေ အကုန်လုံး unicode standpoint မှာ ရပ်တည်ကြတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း စံမြန်မာ ဆိုတာကတော့ unicode standpoint ကို လက်မခံဘူးဆိုတဲ့ အနေအထားရှိလာပါတယ်။ အကြမ်းအားဖြင့် သုံးသပ်ရမယ်ဆိုရင် မြစေတီ၊ ဇော်ဂျီ၊ Official Unicode၊ ဧရာ စတဲ့ unicode standpoint တစ်ခုအပေါ်မှာ အခြေခံပြီး code point ဆိုင်ရာ အငြင်းပွားနေတဲ့ အုပ်စုရယ်၊ unicode standpoint ကို လက်မခံပဲ သီးသန့် standpoint တစ်ခုကို လိုချင်နေတဲ့ စံမြန်မာလို အုပ်စုရယ် စသည်ဖြင့် ရှိမယ်ထင်ပါတယ်။ (တစ်ခြားဟာတွေလဲ ရှိဦးမယ်ထင်ပါတယ်။ ကျွန်တော် မသိနိုင်တာပဲ ဖြစ်ပါလိမ့်မယ်) ဒီနေရာမှာ စံမြန်မာနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောလိုပါတယ်။ စံမြန်မာဆိုတာကို လေ့လာကြည့်တော့ တရုတ်စာတွေလို Symbolic Character ပုံစံ ချဉ်းကပ်ထားတာ တွေ့ရပါတယ်။ ကကြီးဆိုတာ တစ်လုံး၊ ကကြီး လုံးကြီးတင်ဆိုတာ တစ်လုံး၊ ကကြီးလုံးကြီးတင် တစ်ချောင်းငင် ဆိုတာ တစ်လုံး စသည်ဖြင့် code point တွေကို နေရာယူတဲ့ ပုံစံတွေ ဖြစ်ပါတယ်။ အဲဒီလိုသာ နေရာယူမယ်ဆိုရင် code point တွေ အများကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ (တော်သေးတာက ANSI ဖက်က မြန်မာစာ စနစ်တွေ တက်မလာလို့) ကဲ … အဲဒီလောက်ဆို ဇာတ်ရည်လည်လောက်ပြီ ထင်ပါတယ်။ ကျွန်တော် ကြားမိသလောက် ကွယ်ရာမှာ ပြောကြတဲ့ အတင်းတွေကို လူစုံတုန်း ဖောက်သည်ချရမယ်ဆိုရင်
သူက သူ့ဟာကို ခိုးထားတယ်၊ သူနဲ့သူက အစက တည့်တယ်၊ နောက်တော့ မတည့်တော့ဘူး၊ အချင်းချင်း တီထွင်ဖန်တီးမှုတွေကို မလေးစားဖူး၊ ပုံစံပြောင်းခိုးကြတယ်။ (ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ အော်ကျယ်အော်ကျယ်တွေ အများကြီး ကြားခဲ့ကြပြီး ဖြစ်လို့ အတင်းအဖျင်းတော့ မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်၊ နောက်ပေါက်တွေတော့ သိကြတော့မှာ မဟုတ်ပါဘူး)
အခု unicode consortium နဲ့ ပတ်သက်နေတဲ့ မြန်မာပြည်ဖက်က တာဝန်ရှိသူတွေက သူတို့ လုပ်ချင်ရာ လုပ်နေကြတာ၊ ဘာလုပ်လုပ် ငါတို့ သိတာမဟုတ်ဘူး။ သူတို့ လုပ်ချင်တာ လုပ်တဲ့နောက် ငါတို့ မလိုက်နိုင်ဘူး။
အခု unicode မှာ ရှိနေတဲ့ code point တွေက အမှားတွေ အများကြီးပဲ၊ ပြင်ပါဆိုလဲ ပြင်ကြမှာ မဟုတ်ဘူး။
unicode ဆိုတာကြီးက အသင့်မဖြစ်သေးပါဘူး။
အဲဒီလို ပြောကြဆိုကြတာတွေကို ကြားဖူးပါတယ်။ ဒါပေမယ့် အကုန်တော့ မဟုတ်သေးပါဘူး။ အကုန်ပြောလို့လဲ မသင့်တော်ဘူးလို့ ထင်လို့ ချန်ထားတာပါ။ end-user နဲ့ ပတ်သက်ပြီး ပြောကြဆိုကြတာတော့ ဘောင်မဝင်တဲ့အတွက် ချန်ထားပါတယ်။ ကဲ ဒီလောက်ဆိုရင် ကျွန်တော်တို့ unicode အပေါ်မျာ ကွန်ပျူတာသုံး မြန်မာစာ စနစ်အပေါ်မှာ အတိုင်း အတာတစ်ခုအထိ ရိပ်စားမိလောက်ပြီ ထင်ပါတယ်။ ဇော်ဂျီနဲ့ ယူနီကုဒ် ပြသနာတို့၊ ဧရာနဲ့ ယူနီကုဒ် ပြသနာတို့၊ ဇော်ဂျီနဲ့ ဧရာ ပြသနာတို့ဆိုတာ unicode အပေါ်မှာ ရှိတဲ့ code point ဆိုင်ရာ အငြင်းပွားမှု ပြသနာတွေသာ ဖြစ်တယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။
နောက်တစ်ခု ကျွန်တော် သတိထားမိတာ တစ်ခုက ကွန်ပျူတာသုံး မြန်မာစာ ပညာရှင်တိုင်း တစ်ယောက်နဲ့ တစ်ယောက် အသိအမှတ်မပြုလိုကြပဲ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် အသိအမှတ်ပြုလာအောင်လဲ ဘယ်အာဏာပိုင် အဖွဲ့အစည်းကမှ ကမ္မကထပြုတာ မရှိပါဘူး။ အရင်က Myanmar NLP လို့ ခေါ်တဲ့ အစိုးရအဖွဲ့ကိုယ်စားပြု မြန်မာစာစနစ် အကောင်အထည်ဖော်ရေး အဖွဲ့က ဆောင်ရွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဦးဆောင်သူပိုင်းက အကျင့်ပျက်ခြစားမှု ကိုယ့်တစ်ဗို့တည်း ကြည့်မှုတွေကြောင့် ဘာမှမဟုတ်တဲ့ ဘာမှ ဖြစ်မလာတဲ့ အဖွဲ့တစ်ခု ဖြစ်သွားပါတယ်။ အခုတော့ အဲဒီလို အစိုးရဝန်ကြီး ဌာနရဲ့ လက်အောက်ကနေ ပြုတ်သွားပြီး ဘယ်ရောက်မယ်တော့ မသိသေးပါဘူး။ ကျွန်တော် ဒီလောက်အထိ ရေးလာပြီဆိုတော့ ရှေ့ဆက်ပြီး ကျွန်တော်တို့ ဘယ်လိုတွေ လုပ်ရင် ကောင်းမယ်ဆိုတဲ့ အပိုင်းကို အကြံပြုဆွေးနွေးလိုပါတယ်။ ကျွန်တော်တို့ Standpoint တစ်ခုကို သတ်မှတ်ရပါလိမ့်မယ်
ဒါကတော့ တစ်နေရာရာကို စမှတ်အဖြစ် အားလုံးသတ်မှတ်မှသာ ပြသနာကို ဖြေရှင်းနိုင်မယ်ဆိုတာ အားလုံ အသိပဲဖြစ်ပါတယ်။ စမှတ်တစ်ခုကို အားလုံး လာဖို့လိုပါတယ်။ အဲဒီ စမှတ်က ဘာဖြစ်မလဲ အုပ်စုနှစ်ခု ကွဲနေတဲ့ အနေအထားမှာ standpoint ကို ဘယ်ဟာရွေးသင့်သလဲ၊ အဲဒီလို ရွေးတဲ့နေရာမှာလဲ မြန်မာစာ စနစ်နဲ့ ကိုက်ရဲ့လား၊ နိုင်ငံတကာက အသိအမှတ်ပြုရဲ့လား စသည်ဖြင့် နည်းလမ်းမျိုးစုံ သုံးသပ်ဖို့ လိုပါတယ်။ အဲဒီလို သုံးသပ်လိုက်မယ်ဆိုရင် စမှတ်တစ်ခု ရလာပါလိမ့်မယ်။ ကျွန်တော် အမြင်အရတော့ အခုအချိန်မှာ အသင့်တော်ဆုံး စမှတ်က unicode ပဲဖြစ်တယ်လို့ မြင်ပါတယ်။ မြစေတီ၊ ဇော်ဂျီ၊ Official Unicode၊ ဧရာ၊ နောက် မဂ်လာမြန်မာဖောင့်ဆိုလား အားလုံးက unicode standpoint ပေါ် ရပ်နေကြတာပါ။ အခုချိန်မှာမှ စပြီး Myanmar Unicode Code Point ကို မြေလှန်တောင်းဆိုမယ်ဆိုရင် မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ စံမြန်မာအနေနဲ့ unicode consortium ကို သူ့ပုံစံအတိုင်း code point တွေ တောင်းတာ မရဘူးလို့ ကြားမိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အားလုံးအတွက် စမှတ်တစ်ခုဟာ unicode ပဲလို့ အကျဉ်းအားဖြင့် သတ်မှတ်နိုင်ပါတယ်။ ကွန်ပျူတာသုံး မြန်မာစာစနစ်ဆိုင်ရာ ပညာရှင်များ တစ်စားပွဲတည်း ထိုင်ပြီး ဆွေးနွေးကြပါ အပေါ်မှာ ပြောခဲ့သလို standpoint တစ်ခုကို ရပြီဆိုရင် တစ်စားပွဲတည်းထိုင်ပြီး ဆွေးနွေးကြဖို့ လိုပါတယ်။ အဲဒီလို ဆွေးနွေးတဲ့နေရာမှာလဲ end-user ဆိုတဲ့ ရှုထောင့်ကို ခဏဖယ်ထားပြီး ဆွေးနွေးကြဖို့ လိုပါတယ်။ အားလုံး တူညီတဲ့ ဘုံရည်မှန်းချက်တစ်ခုကို ထားပြီး ဆွေးနွေးဖို့ လိုပါတယ်။ ကွန်ပျူတာသုံး မြန်မာစာ စနစ်ဆိုတာ တစ်ခုတည်း ရှိရမယ်ဆိုတဲ့ ဘုံရည်မှန်းချက်မျိုးကို ဆိုလိုပါတယ်။ ကွယ်ရာမှာ ပြောနေကြမယ့်အစား ဘာမှမဆိုင်တဲ့ end-user တွေကို မှိုင်းတိုက်နေမယ့်အစား တစ်စားပွဲတည်းမှာ ပညာရှင်အချင်းချင်း ဆွေးနွေးကြပြီး အကောင်းဆုံး အဖြေတွေ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။ မြန်မာစာစနစ် ဖြစ်တာနဲ့အညီ မြန်မာစာ ပညာရှင်ကြီးများကိုလဲ ဖိတ်ခေါ် အကြံဉာဏ်များ ယူသင့်သလို ရှေ့မှာလုပ်ခဲ့တဲ့ အတွေ့အကြုံရှိတဲ့ ပညာရှင် ပုဂ္ဂိုလ်များကိုလဲ ဖိတ်ခေါ်သင့်ပါတယ်။ စိတ်ပါဝင်စားသူများကိုလဲ တက်ရောက်စေသင့်ပါတယ်။ အဲဒီလို တစ်စားပွဲတည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ဆိုတာ မြန်မာပြည် အနေအထားအရ မဖြစ်နိုင်ဘူးဆိုရင်တော့ ကိုယ်မှန်တယ်ထင်တဲ့ ပုံစံနဲ့ ပတ်သက်တဲ့ စာတမ်းတွေ၊ အထောက်အထား သက်သေတွေ ခိုင်ခိုင်လုံလုံနဲ့ ပြောဆိုဆွေးနွေး ကြဖို့လိုပါတယ်။ ငါက အစကတည်းက ပါလာတာ၊ အံတိုနေပြီဆိုပြီး နောက်လူရဲ့ တင်ပြချက်၊ ထောက်ပြချက်ကို လက်မခံရင်လဲ အလုပ်ဖြစ်မှာမဟုတ်သလို နောက်လူတွေကလဲ ဖြစ်သင့်တဲ့ စံနှုန်းတွေ အပေါ်မှာ မဆွေးနွေးကြရင် အထောက်အထား သက်သေမရှိရင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
ကွန်ပျူတာသုံး မြန်မာစာ စနစ်နှင့် အသုံးချ Developer
ကွန်ပျူတာသုံး မြန်မာစာ စနစ်နဲ့ အသုံးချ Developer များကတော့ အတော်လေးကို တိုင်ပတ်တဲ့ အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။ ဘီးကို အသင့်သုံးပြီး ကားကိုထွင်ရမှာ ဖြစ်ပေမယ့် ဘီးက ပုံစံအမျိုးမျိုး ဖြစ်နေတော့ ဘယ်ဘီးကို သုံးရမှန်းမသိဖြစ်နေရတဲ့ အနေအထားပါ။ တစ်ဖက်ကလဲ အွန်လိုင်းဖြစ်တာနဲ့အညီ အသုံးချ အချက်အလက်တွေ ဖြစ်လာမယ်ဆိုတဲ့ အသိကလဲ နှောက်ယှက်နေပါတယ်။ ဒီဘီးကိုသုံးပြီး ဒီခရီးကိုဆက်ပါမယ်ဆိုမှ မင်းဘီးက ချီးနင်းထားတယ်။ မင်းဘီးကတော့ တာယာသားမကောင်းဘူး စသည်ဖြင့် အဖက်ဖက်ကလဲ ဝေဖန်ကြပါသေးတယ်။ တော်တော်လေးကို စိတ်အချဉ်ပေါက်စရာ ကောင်းတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ မြန်မာပြည်တွင်းမှာနေပြီး မြန်မာစာနဲ့ မကင်းနိုင်တဲ့ အသုံးချ Developer များရဲ့ ဒုက္ခကတော့ မသေးလှပါဘူး။ ကြာလေ ပိုဆိုးလေ၊ ကြာလေ ပိုဆိုးလေ ဖြစ်လာတော့ စိတ်ထဲမှာ သပိတ်မှောက်ချင်စိတ်တွေ အကုန်ပတ်ဆဲချင်စိတ်တွေ ဖြစ်လာပါတယ်။ တကယ်တော့ အသုံးချ Developer ဆိုတာ ကွန်ပျူတာသုံး မြန်မာစာ ပညာရှင်များအတွက် ပေါင်းကူးများ ဖြစ်ပါတယ်။ အမှန်တကယ် တိုက်ရိုက်ထိတွေ့ အသုံးချမယ့် end-user များလက်ထဲကို ထည့်ပေးမယ့်သူများ ဖြစ်ပါတယ်။ အဲဒီလို အရေးပါတဲ့ အခန်းကဏ္ဍကို လစ်လျူရှုထားမယ်ဆိုရင် ကွန်ပျူတာသုံး မြန်မာစာစနစ်လဲ တိုးတက်လာစရာ အကြောင်း မမြင်ပါဘူး။ ဒီတော့ အမျိုးပျောက်မှာ စိုးကြောက်လှပါသည် ဆိုတဲ့ အစား မြန်မာစာ ပျောက်မှာ စိုးကြောက်လှပါသည် ငါတစ်ကောကော ကွန်ပျူတာသုံး မြန်မာစာစနစ် ပညာရှင်များဟုသာ ဟစ်ကာ ဟစ်ကာ အော်လိုက်ချင်ပါတော့သည်။
Credit thiha from mmtutorials

Tuesday, October 23, 2012
What is Google Drive?
Google Drive ဆိုတာ data တွေသိမ်းဆည်းတဲ့ Drive အမျိုးအစားတစ်ခုပါ။ သူထက်အရင် dropbox တို့ ၊ yahoo တို့ပေါ်လိုက်ပါသေးတယ်။ dropbox သည် 2 GB ပမာဏ သို့လှောင်နိုင်ပါတယ်။ တခြားသူကို လည်း ရှယ်နိုင်ပါတယ်။ Google Drive သည် 5 GB ပမာဏ သိုလှောင်နိုင်ပါတယ်။ တခြားသူကို permission ပေးမှသာ share နိုင်ပါတယ်။ gmail account တစ်ခုရှိရုံနဲ့ google drive ကိုရနိုင်ပါတယ်။
ကျွန်တော်ဆိုရင် လိုအပ်တဲ့ ဆော့ဝဲတွေ အင်တာနက်ပေါ်ရှယ်ထားပါတယ်။ ဆိုတော့ အင်တာနက်ရှိလျှင် ဘယ်နေရာမှာပဲရှိရှိ အလုပ်လုပ်နိုင်ပါတယ်။ သင်ပာာ dropbox ရော google drive ပါ သုံးပြုမယ် ဆိုရင်တော့ 2 GB + 5 GB = 7 GB လောက် access ဖြစ်နေမှာပါ။ ပဲာပဲာ
yahoo drive လည်းရှိပါသေးတယ် သူက microsoft နဲ့ပေါင်းထားတယ်ဆိုတော့ မသုံးရဲသေးဘူး။
သူငယ်ချင်းတို့ သုံးရဲလျှင်သုံးနိုင်ပါတယ်။ ခစ်ခစ်
google drive
Sunday, October 14, 2012
Papper copier
Papper copier
မိတ္တူစက်ဆိုသည်မှာ မှင်အမဲPrinter နှင့် Scanner ကို အဆင့်မြင့်တင်ထားသော ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဓာတ်ပုံကို ကျွန်တော်တို့အရင်ဆုံး Scanner လို့ခေါ်တဲ့ ပုံဖမ်းစက်လေးပေါ်မှာအရင်တင်ရပါတယ်။ ပြီးတော့မှ လိုချင်တဲ့ ပုံကို printer နဲ့ထုတ်လိုက်ခြင်းဖြစ်ပါတယ်။
ဒီprocess မှာ Scanner + Computer + Printer နဲ့အလုပ်လုပ်သွားတာပါ။
ဒီနည်းပညာကို အဆင့်မြင့် တီထွင်လိုက်တော့ မိတ္တူစက်ဆိုတာပေါ်လာတာပါ။
Printer + Scanner + Processor = Papper copier (မိတ္တူစက်)
သူငယ်ချင်းတို့လည်း ရိုးရှင်းတဲ့နည်းပညာအပေါ်မှာအခြေခံပြီး တီထွင်နိုင်တဲ့သူများဖြစ်ကြပါစေ။

Wednesday, October 10, 2012
How to remove USB write protect
ကွန်ပျူတာကို USB တပ်လိုက်တဲ့အခါ USB ကိုတွေ့ ပြီး ဘာမှကူးလို့မရ၊ ဘာမှလုပ်လို့မရတဲ့ အခါမျိုးမှာ ရှင်းဖို့ နည်းလမ်းလေးပါ။Start > Run (or) Win+r >regedit ကိုသွားပါ။HKEY_LOCAL_MACHINE>>SYSTEM Current Control Set>>Control ကိုရှာလိုက်ပါ။
Control ပေါ်မှာ right click နှိပ်ပြီး New>>Key ကို ရွေးလိုက်ပါ။Storage Device Policies အမည်တပ်လိုက်ပါ။
Storage Device Policies ကို Click ခေါက်ပြီး ညာဘက်မှာ right click နှိပ်ကာ New မှ DWORD ကို Click ပေးပြီး Write Protect ဟု အမည်ပေးလိုက်ပါ။Write Protect မှာ Doulble click (or) right click နှိပ်ပြီး Modify မှ Value ကို 0 ထည့်ပေးလိုက်ပါ။Registry Editor ကိုပိတ်ပြီး USB ကိုပြန်ထည့်ကာ အသုံးပြုနိုင်ပါသည်။

Monday, September 17, 2012
Blogspot url တွင်ရိုက်နိုင်တဲ့ လင့်များ
ကျွန်တော့်ဒီဆိုဒ်ကို အောက်ကလင့်လေးတွေရိုက်ပြီးလာနိုင်ပါတယ်ခင်ဗျာ
blogspot ရဲ့ ထူးခြားချက်လေးပါ။ com နေရာမှာ se ကိုလည်း ရိုက်ထည့်နိုင်ကြောင်းတွေ့ရှိရပါသည်။
ref : My visitor
Sunday, August 19, 2012
Mozilla ဖွင့်တိုင်း url သုံးခုကို ဖွင့်စေချင်သူများအတွက်

ွ
ပုံတွင်ပြထားသည့်အတိုင်း mozilla တွင် tools > optons နိပ်လိုက်လျှင်အပေါ်ကပုံရလာပါမည်။ံHome page ဘေးနားက အကွက်တွင် အောက်ကကုဒ်လေးများကို copy ကူးလိုက်ပါ။ပြီးရင် ok နိုပ်လိုက်ပါ။ mozilla ကို ပိတ်ပြီးပြန်ဖွင့်လိုက်ပါ။
Source code
Saturday, August 4, 2012
SSL ကို အသုံးပြုပြီး Facebook ဖွင့်ကြမယ်။
ပထမဆုံး SSL ဆိုတာဘာလဲ။
ှSSL ဆိုတာ Secure Sockets Layer ပါ။
ကျွန်တော်တို့ကွန်ပျုတာနဲ့ webserver သွားရာလမ်းကြောင်းမှာသွားနေတဲ့
data တွေ code တွေဖွက်ပြီးပို့ပေးပါတယ်။
ကျွန်တော်တို့ Facebook ဖွင့်လျှင် Connection နှေးနေတတ်ပါတယ်။
ဒါမျိုးဆိုရင် SSL သွား အိုကေမှဆိုပြေတယ်။
www.facebook.com ကမှုရင်းဝက်ဆိုဒ်မှာ SSL နဲ့သွားမယ်ဆိုလျှင်
https://www.facebook.com ကို url မှာရိုက်လိုက်ရင်အဆင်ပြေပါပြီ။
Thursday, June 14, 2012
Website များကို translate လုပ်မယ် (for Developer)

ကျွန်တော်အရင်ဆိုဒ်မှာတုန်းက search engine လုပ်တဲ့နည်းကို ကျွန်တော်တင်ခဲ့တယ်။ အခုတစ်ခါမှာတော့ Website များကို translate လုပ်နည်းကို တင်ပေးမှာဖြစ်ပါတယ်။ သူရဲ့လုပ်ငန်းစဉ်တွေက ဥပမာ english လိုရေးထားတဲ့ဆိုဒ်မှ တခြားLanguage တစ်ခုကိုပြောင်းနိုင်ပါတယ်။ webdeveloper တွေအတွက် အသုံးဝင်ပါတယ်။ ထူးခြားတာက မြန်မာလို translate လုပ်နိုင်စွမ်းတော့မရှိပါဘူး။ သူရဲ့ Url က translate language Linkမှာ သယ်ချင်းတို့ရဲ့ဆိုဒ်နံမည်လေး ထည့်ပြီး code ယူနိုင်ပါတယ်။
ဒီလိုပုံစံcode လေးတွကို သူငယ်ချင်းတို့ ၀က်ဆိုဒ်မှာထည့် လိုက်လျှင် ပြီးပြည့်စုံတဲ့ဝက်ဆိုဒ်တစ်ခုရလာပါလိမ့်မည်။ :P
Sunday, June 10, 2012
Photoshop Advance

3D ရုပ်ပုံတွေဆွဲဖို့ဆိုရင် အရင်ဆုံး cartoon ပုံတွေဆွဲတတ်ရပါမည်။
နိုင်ငံခြားက ပညာရှင်တစ်ယောက်က photoshop နှင့် Cartoon ပုံလေးတွေ
ရေးဆွဲထားတာကို တွေ.ရလိုက်ရတော့ ကျွန်တော်တော်တော်လေးစားသွားတယ်။
စာအုပ်ပါရောင်းတယ် စာအုပ်က dollar နဲ့ပေးရတာမလို့မ၀ယ်ဖြစ်လိုက်ဘူး။
သူအမြည်းပေးတဲ့ နမှုနာရုပ်ပုံလေးတွေကြည့်ကြည့်လိုက်ပါ။ နောက်လူတွေ
တိုးတက်နိုင်မည်လို့ ယုံကြည်ပါတယ်။

ကွန်ပျူတာနည်းပညာက ဘယ်တော့မှ ကုန်နိုင်မည်မပာုတ်ပါ။
Friday, November 18, 2011
Image ရိုက်တဃ်ဆိုတာ
Image ရိုက်တဃ်ဆိုတာ
window တင်တဲ့နည်းလို့လည်းပြောလို့
ရပါတဃ်။ကျွန်တော်တို့တွေ window/Unix/Mac
စသည်ဖြင့် OS တွေကိုတင်တဲ့အခါမှာ
CD နဲ့တင်လေ့ရှိတဃ်။ဒီလိုတင်လျှင်
အနည်းဆုံးတစ်နာရီလောက်တော့ကြာမဃ်
တစ်လုံးထဲမှာကိစွှမရှိပေမဲ့ အလုံး၂၀ လောက်ဆိုရင်
ပြသနာဖြစ်လာပါပြီ ဒီလိုအခြေအနေမျိုး
မှာ Image ရိုက်တာကိုသုံးပါတဃ်။
Image ရိုက်လျှင်အချိန်ကုန်သက်သာစေပါတဃ်။
အရင်ဆုံးစက်တစ်လုံးကို CD နဲ့ window တင်ပြီး
ကျန်စက်တွေကို CD နဲ့မတင်တော့ပဲ harddisk
ကနေပြီးတော့ copy ကုးရတာပါ။
ဒီလိုလုပ်တာပာာဘာကောင်းလဲ။
အချိန်ကုန်သက်သာစေပါတဃ်။
စက်တစ်လုံးထဲရဲ့ပောာ့ဒစ်က Data အကုန်လုံးကို
တစ်ခြားပောာ့ဒစ်ထဲကို copy ကူးနိုင်တာကြောင့်
အရမ်းကောင်းပါတဃ်။ဂိမ်းတွေ ၊ ဖိုင်တွေက အစပေါ့။
အားနည်းချက်ကတော့
စက်တွေအကုန်လုံးပာာ
မော်ဒဃ်တူရပါမဃ်၊ မော်ဒဃ်ကွဲလို့မရပါဘူး။
တစ်စက်က P3 ၊တစ်စက် P4 စသည်ဖြင့်ကွဲလို့မရပါဘူး။
အခုလူသုံးများတဲ့ဆော့ဝဲလ်က
Acronis True Image Home
ဖြစ်ပါတဃ်။
အနွာဃ်ရှိတဲ့အပိုင်းမလို့ သင်တန်းတက်
ပြီးမှသာလုပ်ဆောင်ကြရန်တိုက်တွန်းချင်ပါတဃ်။
ကွန်ပျူတာသမားတစ်ဃောက်ပာာ ဘာသင်တန်းမှ
မတတ်ရင်နေပါ A+ ကိုတော့တတ်ထားသင့်ပါတဃ်။
သင်တန်းကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ
သင်တန်းရဲ့နာမည်ကတော့
IMCS (Info Myanmar Computer Studies)
No-21/23 2nd floor, U Tun Linn Chan Street,
Hledan,Kamayut Tsp,Yangon,Myanmar
လှည်းတန်းနဲ့နီးတဲ့သူငဃ်ချင်းတွေအဆင်ပြေလိမ့်မဃ်
ထင်တဃ်။

Saturday, September 3, 2011
ကွန်ပျူတာကို linux နဲ့virus ကိုကာကွဃ်ခြင်း

linux ကသုံးတတ်ရင်သုံးတတ်သလိုအကျိုးရှိတဃ်။
ကျွန်တော်က anti-virus ဆော့ဝဲလ်တွေကိုမသုံးချင်ဘူး ကြောက်တဃ်။
ဒီတော့စဉ်းစားရင်းစဉ်းစားရင်းနဲ့ linux OS ကိုသုံးဖြစ်သွားတာ
အဲလိုမသုံးလို့လဲ မရဘူး အင်တာနက်ဆိုင်မှာ stick သွားထိုးရင် virus
တွေက တစီတန်းကြီးပါလားတာ
Window နဲ့ linux OS နစ်ခုကို တွဲသုံးသူတွေအတွက်
window မှာဆိုရင်
software တွေကိုsystem restore လုပ်ထားသင့်ပါတဃ်။
ဒီလို restore လုပ်ရင် virus အကြီးစားကိုက်ရင်
window ပြန်တင်စရာမလိုပါဘူး
virus တွေပါလာတဲ့ stick ကို window မှာတပ်ရင်ပေါ်မှာမပာုတ်ဘူး
ဒါဆိုရင် lInux 0S မှာတပ်လိုက်ပါပြီးရင်
ကိုဃ် stick ထဲက ဖိုင်မပာုတ်ရင်
ပောာ့ဒီလိုပောာ့ဒီလိုသတ်လိုက်ပါ။Delete key နဲ့နော်....ဒီလောက်
တော့သိမဃ်ထင်တဃ်။
ပိုပြီးသေချာစေချင်ရင် window မှာ
အင်တာနက်ဆိုင်တွေမှာသုံးတဲ့
USB Disk Security လေးကိုသုံးပေါ့
သူက USB ထဲက autorun လေးတွေကိုသတ်ပေးလို့
တော်တော်ကာကွဃ်နိုင်နေပါပြီ။။
ဆက်လက်ကြံဆောင်အုန်းပါမဃ်။
http://sanpwintthu9.multiply.com
Friday, September 2, 2011
ဆိုဒ်ကောင်းတစ်ခု
ဒီအစ်ကိုရဲ့ဆိုဒ်က တော်တော်ကောင်းပါတဃ်
ပညာကလဲကျွန်တော်ထက်တောင် တော်ပါတဃ်
လမ်းညွန်ပေးလိုက်ပါတဃ်
http://www.sbsangpi.com/
ကွန်ပျူတာအတွက် shortcup များ
shortcup သုံးမှ လူအထင်ကြီးတာပါ ပဲာပဲာ ဒီမှာ microsoft ကshortcup တွေရဃ်
runbox ထဲရိုက်ထည့်ရမဃ့် shortcup တွေအကုန်ပါပါတဃ်
ကွန်ပျူတာအတွက် shortcup များလိုချင်ရင်တော့ဒီမှာဒေါင်းပါ
password ကတော့ sanpwintthu9 ပါ
ဒီမှာသွားဒေါင်းလိုက်ပါ
http://www.mediafire.com/?rx98o6ju4k43dz1

ကွန်ပျူတာလောကကို Linux စိုးမိုးလာနိုင်သည်

ကျွန်တော်တို့ နိုင်ငံမှာ window ကိုခိုးသုံးနေကြတာ
microsoft ကို ဗာရှင်းနဲ့ဝဃ်ရတဲ့အချိန်ကြရင်
မြန်မာနိုင်ငံမှာ ကွန်ပျူတာပြင်တဲ့ service တွေမရှိရတော့ဘူး
ဘဃ်လိုလူမျိုးတွေပဲရှိမှာလဲဆိုတော့
Microsoft ကပေးတဲ့လက်မှတ်ရထားတဲ့သူတွေသာ ကိုင်တွဃ်
လို့ရတဃ် ဒါကြောင့် Microsoft ကလက်မှတ်ရှိတဲ့ သူတွေဆိုရင်
ကိုင်ခွင့်မရှိဘူး တရားစွဲခံရလိမ့်မဃ်။
ဒါအပြင် ၂သိန်း ၅သိန်းလောက်အစားအစားရှိတဲ့ window
version ကိုမြန်မာတွေက ၀ဃ်ဃူဖို့ဆိုတာလဲမရှိသလောက်ဘဲ
ဒီလိုမျိုး service သမားတွေ window သမားတွေ
မရှိတဲ့အချိန်မှာ linux ဘက်ကို လူတွေ လည့်ကြလိမ့်မဃ်
linux service သမားတွေက ခွင်ပေါ့
linux Os မှာဗိုင်းရပ်စ်တွေ တော်တော်များများအလုပ်မလုပ်တာလဲ။
ဗိုင်းရပ်စ်ဆိုနှောက်ဃှက်တာပဲ ဘဃ်programming language
နဲ့ဆိုဗိုင်းရပ်စ်ရေးနိုင်ပါတဃ်။ window အပေါ်မှာအလုပ်လုပ်တဲ့ဗိုင်းရပ်စ်
တွေက cmd programming တွေနဲ့ရေးထားလို့
reg ရဲ့ဘဃ်ကိုတိုက်ပါ ပာိုကိုတိုက်ပါ 0verwriteလုပ်ပါ စသည်ဖြင့်
batch file တို့လိုမျိုးက linux 0s မှာအလုပ်မလုပ်ပါဘူး။system ဖွဲ့စည်း
တည်ဆောက်ပုံကလဲမတူဘူး။ကျွမ်းရင်ကိုဃ်ဘာသာတောင် kernel ကိုပြင်လို့
ရတဃ်။ဒါကြောင့်သူက ၅၀ရာခိုင်းနူန်းကသက်သာပေးတဃ်။
linux OS မှာ .exe ဖိုင်တွေ run လို့ရလား။
ပုံမှန်အတိုင်းဆိုရင်တော့ .exe ဖိုင်တွေ run လို့မရပါဘူး
package တစ်ကို run လိုက်မဃ်ဆိုရင်တော့ .exe ဖိုင်တွေကို
run နိုင်ပါဆိုတော့ ကောင်းကောင်းကြီး linux မှာအလုပ်လုပ်လို့ရပါတဃ်။
ဘာလို့လဲ program တွေအများစုက .exe ဖိုင်တွေနဲ့အလုပ်လုပ်ကြလို့ပါ။

Subscribe to:
Posts (Atom)